လ - ဧပြီ 2026

ယုံကြည်စိတ်ချနိုင်သည့်ချစ်ခြင်းမေတ္တာ

ရှင်ပြန်ထမြောက်တော်မူရာနေ့ - အီစတာ အထူးစာမူ

ယေရှုအားဖြင့် ပြေလည်ပေါင်းစည်းခြင်း

 

ပဥ္စမနေ့

ယုံကြည်စိတ်ချနိုင်သည့်ချစ်ခြင်းမေတ္တာ

 

ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။ - ရောမသြဝါဒစာ ၅:၈

Lisa McCourtI…

စစ်မှန်သော သမာဓိ တည်ကြည်ခြင်း

အလုပ်အင်တာဗျူးတစ်ခုတွင် ကယ်ရယ်အား “အရင်အလုပ်က ဘာလို့ထွက်လိုက်တာလဲ”ဟု ထပ်ခါတလဲလဲ မေးသည်။ အင်တာဗျူးသူက ယခင်အလုပ်ရှင်နှင့် သူမတွေ့ကြုံခဲ့သည့် ပဋိပက္ခကို ခန့်မှန်းမိပြီး ဘာဖြစ်ခဲ့သည်ကို သိလိုသည်။

“အလုပ်လုပ်သည့်ပုံစံ မတူညီကွဲပြားမှုများ”ကို ကယ်ရယ် သိရှိလက်ခံသည့်အပြင် ယခင်အလုပ်ရှင်၏ မကောင်းကြောင်းပြောခြင်းသည် မှားယွင်းသည်ဟု ခံယူသဖြင့် ယခင်အလုပ်ရှင်အပေါ် သူမ၏ ထင်မြင်ချက်ကို ပြောဆိုရန် ငြင်းဆိုခဲ့သည်။ နောက်ပိုင်း သူမကို အလုပ်ခန့် လိုက်ပြီးနောက်၊ အလုပ်ရှင်သစ်က ဝန်ထမ်းခန့်အပ်ရေးတာဝန်ရှိသူများသည် သူမ၏တုံ့ပြန်မှုကို သဘောကျကြောင်း၊ “မင်းရဲ့ သမာဓိကို ငါတို့ သဘောကျတယ်။ မင်းရဲ့သူဌေးမကောင်းကြောင်းကို မပြောစေချင်သလို၊ နောင်လည်း ငါတို့မကောင်းကြောင်းကိုလည်း မပြောစေချင်ပါဘူး”ဟု ပြန်ပြောပြခဲ့သည်။

ယေရှုကို ယုံကြည်သူအသစ်တစ်ဦးအနေနှင့်၊ ကယ်ရယ်သည် လက်တွေ့ကျကျ “ဘုရားနှင့်မှန်ကန်သော”နည်းလမ်းဖြင့် မည်သို့နေထိုင်ရမည်ကို အမြဲတစေ တွေးတောခဲ့သည်။ အဖြေသည် ရိုးရှင်းကြောင်း၊ သမာဓိရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ၊ ရိုးသားပြီး ကျင့်ဝတ်သိက္ခာရှိစွာ နေထိုင်ခြင်းဖြစ်ကြောင်း သူမသဘောပေါက်ခဲ့သည်။…